Home

Open History Myanmar

လူထုအမှတ်သညာပွဲတော်

လူထုအမှတ်သညာပွဲတော်သည် ဒေသတွင်း လူမှုအဖွဲ့အစည်း တစ်ခုပြောင်းလဲလာပုံကို လူထုကြားက သမိုင်းအဖြစ် ချဉ်းကပ်လေ့လာကာ ဓာတ်ပုံမှတ်တမ်းများ အနုပညာပစ္စည်းများဖြင့် ပြပွဲအဖြစ် ခင်းကျင်းပြသရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
ထိုပြပွဲများမှတဆင့် မတူညီသောမျိုးဆက်များက မိမိဒေသပြောင်းလဲဖြစ်ထွန်းလာမှုများကို အတူတွ လေ့လာကြည့်ရှုရန်ဖြစ်ပါသည်။ ဓာတ်ပုံ ၊ ပန်းချီ ၊ မော်ကွန်း ဗီဒီယို ၊ ကဗျာ ၊ စာပေတို့ဖြင့် ပေါင်းစပ်ခင်းကျင်းကာ လူကြီးလူငယ် မျိုးဆက်တို့ကြားမှ ကွာဟချက်များကို နားလည်တက်စေရန် မတူညီသော အဖွဲ့အစည်းများ ပေါင်းစပ်ထားသော လူမှုအဖွဲ့အစည်းဖြစ်ကြောင်း
ခံစားတတ်စေရန် စေ့စပ်စာနာတတ်သော မျက်လုံးများဖြင့် လူမှုဘဝတို့ကို ကြည့်မြင်စေရန် ခင်းကျင်းသော အနုပညာနှင့် အမှတ်သညာပွဲတော်ဖြစ်ပါသည်။ ။